Friday, September 21, 2012

**ပြစ်မှားခြင်း**

 ဘုရား၌ ပြစ်မှားသော သူသည် များစွာအကျိုးမဲ့ခြင်းသို. ရောက်၏။
 တရား၌ ပြစ်မှားသော သူသည် များစွာအကျိုးမဲ့ခြင်းသို. ရောက်၏။
 သံဃာ၌ ပြစ်မှားသော သူသည် များစွာအကျိုးမဲ့ခြင်းသို. ရောက်၏။
 မိဘ၌ ပြစ်မှားသော သူသည် များစွာအကျိုးမဲ့ခြင်းသို. ရောက်၏။
 ဆရာ၌ ပြစ်မှားသော သူသည် များစွာအကျိုးမဲ့ခြင်းသို. ရောက်၏။
    မပြစ်မှားသင့်သော ပုဂ္ဂိုလ်တို.၌ မပြစ်မှားခြင်းသည် မြတ်၏။
  

Wednesday, September 19, 2012

**ချစ်ခြင်း**

  ချစ်ခြင်းသည် နှိပ်စက်တတ်သော သဘောရှိ၏။ ချစ်ခင်ခြင်းသည် မထိုက်တန်သော အရာ၌လည်း ဖြစ်တတ်၏။ မထိုက်တန်သော အရာ၌ စွဲလမ်းသော သူသည် မကောင်းမှုကို ပြု၏။ မကောင်းမှုကို ပြုသောသူသည် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ခြင်းသို. ရောက်၏။
   အဓမ္မရာဂကြောင့် သောကဖြစ်ရ၏။ အဓမ္မချစ်ခြင်းကို ပယ်စွန်.ခြင်းသည် မြတ်၏။ ချစ်ခြင်းကြောင့်လည်း
မကောင်းမှုကို မပြုရာ။ မကောင်းမှုကို မပြုခြင်းသည် မြတ်၏။ မကောင်းမှုကို မပြုခြင်းကြောင့် နောင်တ
တဖန်ပူပန်ခြင်းသည် မရှိ။